မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေအသင်း (MRPDA) အသင်းမှတ်ပုံတင်အမှတ် (၁၁၃၄၇၁၉၇၂) အသင်းသားစုံညီအစည်းအဝေး တတိယအကြိမ်နှင့် ဒုတိယအကြိမ်သက်တမ်း (၂၀၂၂/၂၀၂၄)ဗဟိုအလုပ်အမှုဆောင်/အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားအား
ယနေ့(၂၈.၈.၂၀၂၂)ရက်တနင်္ဂနွေနေ့တွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအသင်း (ဗဟို )မှ ဥက္ကဋ္ဌကြီး ဘဘဦးတင်မောင် နှင့် CEC/EC အဖွဲ့ဝင်များ၊နာယကကြီးများ၊သဘာပတိကြီးနှင့်ခုံသမာဓိလူကြီးမင်းများ ၊ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးမှလူကြီးမင်းများနှင့်ဧည့်သည်တော်ကြီးများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အဖက်ဖက်မှပါဝင်ကူညီပေးပါသောအသင်းသူအသင်းသားများ၊PIP မှာတာဝန်ရှိသူများလည်းတတ်ရောက်ကြပြီး PIP မှတာဝန်ရှိသူများမှ လာရောက်သူများအား Projectပတ်သတ်သည်များကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။

