Signing Ceremony with China Textile City Network Co.,Ltd (15.11.2018) Leave a Comment / News / By Bitwissendtek ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပုသိမ်စက်မှုစီမံကိန်းတွင် ကနဦးဆောက်လုပ်မည့် စက်ရုံသစ်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ပါသည်။ရှေးဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သံရုံး၊ စီးပွားရေးသံမှူး မစ္စတာ ရှဲ့ဂေါ်ရှန်နှင့် တာဝန်ရှိသူများမှ ပုသိမ်စက်မှုစီမံကိန်းနှင့် China Textile City Network Co., Ltd တို့ပုသိမ်စက်မှုစီမံကိန်းတွင် ပါဝင်ရင်းနှီးမြုပ်နှံမှုစာချုပ် လက်မှတ်ထိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။