မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် ပုသိမ်စက်မှုစီမံကိန်းအလားအလာ ဆွေးနွေးပွဲအား ၂၀၁၈ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Grand Hotel Saigon (Grand Hall) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားကုမ္ပဏီ ဖြစ်သည့် MK Land Co., Ltd. , ၊ ဗီယက်နမ်နိုင်ငံရှိ BizWell Co., Ltd. နှင့် ပုသိမ်စက်မှုစီမံကိန်းတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၎င်းဆွေးနွေးပွဲသို့ ကိုရီးယားနှင့် ဗီယက်နမ်လုပ်ငန်းရှင် (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်မှလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံဆိုင်ရာ အချက်အလက်များအား တက်ရောက် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား ရှင်းလင်းဆွေးနွေး နိုင်ပါရန်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပုသိမ်စက်မှုစီမံကိန်းအား မိတ်ဆက်ခြင်းနှင့်ပုသိမ်စက်မှုဇုန်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုများပြားလာရောက်လုပ်ကိုင်နိုင်စေရန် ဖိတ်ခေါ်ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။

